ယူေ က မွာ အလုပ် ရ မယ်ဆိုပြီး လိင် ကျွန်လုပ် ခံရတော့မယ့် အမျိုးသ မီး ကို ကယ်တင်နိုင်ခဲ့တဲ့ ဒရိုင်ဘာ

Posted on

အ င်္ဂလန်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး၊ ရိုးမေးနီးယားနိုင်ငံက အမျိုးသမီးတစ်ဦးကို လိမ်လှည်ခေါ်လာပြီး၊ နောက်ဆုံး မကောင်းတဲ့နေရာကိုပို့ဖို့ နည်းနည်းလေးလိုတော့တဲ့အချိန်မှာ တက္ကစီဒရိုင်ဘာရဲ့ ကောင်းမှုကြောင့် အချိန်မီကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု မကြာသေးခင်က ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်အ သေးစိတ်ကို ဝက်စ်မေလန်းရဲဌာနရဲ့ ထုတ်ပြန်ချက်အတိုင်း တွေ့ရှိမှုကို Apannpyay က တင်ဆက်ပေးပါမယ်။ Robert Enescu ဆိုတဲ့ အမျိုးသားဟာ ရိုးမေးနီးယားနိုင်ငံသူ (အမည်မဖော်ပြထား) ကို ယူကေမှာ အလုပ်ရမယ်ဆိုပြီး၊ အင်္ဂလန်နိုင်ငံကို ခေါ်ဆောင်လာခဲ့ပါတယ်။ လုပ်ရမှာ အနှိပ်သည်ဖြစ်ကြောင်းဝင်ငွေတစ်ခုရမယ်ဆိုပြီး ခေါ်လာတာပါ။

တ ကယ်တမ်းရောက်လာချိန်မှာ အမျိုးသမီးကို ဆက်စီဓာတ်ပုံတွေ အတင်းရိုက်ခိုင်းပြီး အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။ တစ်ခုခုတော့မှားနေပြီဆိုတာသိပေမဲ့ အမျိုးသမီးဟာ ပြန်လို့လည်း မရတဲ့အခြေအနေမှာ အလိုက်သင့်ဆက်နေခဲ့ပါတယ်။ နောက်တော့ အမျိုးသမီးကို လိင်ကျွန်လုပ်ဖို့ ဓာတ်ပုံကိုကြည့်ပြီး၊ သဘောတွေ့သွားတဲ့ ပြည့်တန်ဆာလုပ်ငန်းကနေ ခေါ်ခဲ့ပါတယ်။

သူ့ကိုအဲဒီကိုသွားဖို့ တက္ကစီတစ်စီးပေါ်တင်ပေးလိုက်ပြီး၊ လိပ်စာအတိအကျနဲ့ လွှတ်လိုက်ပါတယ်။ ကားပေါ်ရောက်ချိန်မှာ အမျိုးသမီးဟာ သူ့အဖြစ်ကို ဝမ်းနည်းမဆုံးဖြစ်နေချိန် ငိုမိခဲ့ပါတယ်။ တစ်ခုခုမှားနေတာကို ရိပ်မိခဲ့တဲ့ တက္ကစီဒရိုင်ဘာ Mehmood က အမျိုးသမီးကို ဘာကြောင့်ငိုတာလဲကို မေးခဲ့ပါတယ်။ ဖြစ်စဉ်အကုန်လုံးကို သိခဲ့ချိန်မှာတော့ ကားကိုတစ်နေရာမှာ

ရပ်ချလိုက်ကာ လူကုန်ကူးတိုက်ဖျက်ရေးကို ဖုန်းခေါ်ခဲ့ပါတယ်။ အမျိုးသမီးကို အစအဆုံးကူညီပေးခဲ့ပြီး၊ လိင်ကျွန်အဖြစ်လုပ်ခံရတော့မယ့် အခြေအနေကနေ လက်မတင်လေးကယ်နိုင်ခဲ့တာပါ။ ရဲတပ်ဖွဲ့ကလည်း ဖြစ်စဉ်ကိုစုံစမ်းအပြီးမှာ အမျိုးသမီးဟာ တကယ်ပဲကံကောင်းခဲ့တာလို့ ဆိုခဲ့ပါတယ်။ အမျိုးသမီးကထပ်ပြီး သူ့လိုဘဝတူမိန်းကလေးတွေရှိကြောင်းနဲ့
ကားဆရာ

လက်ရှိအချိန်ထိ Robert Enescu လက်ထဲမှာ ရှိနေသေးကြောင်းနဲ့ အမြန်ဆုံးဖော်ထုတ်ဖို့ကိုပါ တောင်းဆိုခဲ့ပါတယ်။ တက္ကစီဒရိုင်ဘာကြီးကိုတော့ နယ်မြေခံရဲစခန်းက လူမှုထူးချွန်ဆုပေးခဲ့ပြီး၊ ကိုယ့်ကိစ္စမဟုတ်တာကို အခုလိုကူညီတတ်တာဟာ တကယ်ဂုဏ်ယူစရာလို့ ပြောခဲ့ပါတယ်။ အကြောင်းက ဒုစရိုက်သားတွေရဲ့အလုပ်ကနေဝင်ကယ်တာဖြစ်လို့ အများစုက လက်ရှောင်တဲ့အလုပ်မျိုးပါ။

ဆက်လက်စုံစမ်းနေပြီး၊ မကြာခင်မှာ အမျိုးသမီးရဲ့ အကူအညီနဲ့ တခြားသူတွေကို ကယ်တင်နိုင်မယ်လို့ ယူဆတယ်လို့လည်း ရဲစခန်းက ထုတ်ပြန်ထားပါတယ်။

သူရေး (Apannpyay)

Leave a Reply

Your email address will not be published. Required fields are marked *