ဝေ ဖန်မှုတွေရှိနေ ခဲ့ တဲ့ ဗိုလ် ချုပ်ရုပ် ရှင် ဒုတိ ယနေ့ရိုက်ကွင်းပုံရိ ပ် များ

Posted on

၇ နှစ် လောက်ေ စာင့်စားခဲ့ရတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဟာ ဆိုရင် အခုအချိန်မှာ တကျော့ပြန်ရှင်သန်လာခဲ့ပြီဖြစ်ပါတယ်။ ယခင်က ဗိုလ်ချုပ်ရုပ်ရှင်ကို ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်မှာ ပြသဖို့ကြိုးစားခဲ့ပေမယ့် ၁၁ မိနစ်စာ ရုပ်သံဖိုင်သာ ထွက်လာခဲ့တာမို့ လူအများရဲ့ ဝေဖန်မှုကိုလည်းခံခဲ့ရပါတယ်။အခုအခါမှာတော့ သရုပ်ဆောင် လူမင်းက ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီးတော့ ၇ နှစ်အကြာ ရိုက်ကူးခဲ့တာတောင် မပြီးတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကို ၅ လ နဲ့ အပြီး ရိုက်ကူးသွားမယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ရဲ့ သရုပ်ဆောင် ကြေငြာခြင်းအခမ်းအနားမှာ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဗိုလ် ချုပ်ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ စတင်ရိုက်ကူးနေတာဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်မှာ တက္ကသိုလ်ကျောင်းသားဘဝ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးနေပါပြီ။ ရိုက်ကွင်းပေါ်က မြင်ကွင်းတွေကိုလည်း ပရိသတ်ကြီးအတွက် သိရအောင် မျှဝေပေးလိုက်ပါတယ်။ လက်ရှိမှာတော့ ရိုက်ကွင်းမှာ သုံးစွဲမှုတွေမှာ ဖန်ခရားတွေဟာ ဗိုလ်ချုပ်ခေတ်မှာ မရှိသေးပဲ ကြွေထည်ကိုသာ သုံးကြတယ်လို့ ဝေဖန်မှုများကိုလည်း
ရင်ဆိုင်နေရပါတယ်။

ဗိုလ်ချုပ်းရုပ်ရှင်ကို ရန်ကုန်၊ မန္တလေးနဲ့နတ်မောက်မြို့တွေက သမိုင်းဝင်နေရာတွေမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီးတော့ ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်က သီဟာသနပလ္လင်အပါအဝင် မန္တလေးရှိ မြနန်းစံကျော်ရွှေနန်းတော်၊ အင်းဝရှိ ဆင်ကျုံးခံတပ်၊ ဗားဂရာကျောင်း၊ မယ်နုအုတ်ကျောင်းနဲ့ နတ်မောက်မြို့က ဗိုလ်ချုပ်နေအိမ်တွေမှာ ရိုက်ကူးသွားတဆင့်ခြင်း ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Writer- SMT(Shwe Yaung Lan

Leave a Reply

Your email address will not be published. Required fields are marked *