နာ မည် ကြီးေ န တဲ့ လုံး ဝ အလ န်း စား သားစစ် ရဲ့ ရင် ထဲ သို့ Music Video

Posted on

သားစစ်ကတော့ ပရိသတ်တွေ အကုန်လုံးကို မိတ်ဆက်ပေးစရာ မလိုတဲ့ အွန်လိုင်းပေါ်ကဆယ်လီ တစ်ယောက် ဆိုတာအားလုံးသိကြပြီးသားဖြစ်မှာပါ ။ သူကတော့ အွန်လိုင်းပေါ်မှာ Video အတိုလေးတွေတင် Live တွေလွှင့်ရင်း ပရိသတ်တွေရဲ့အာရုံစိုက်မှုကို ပိုရလာတယ် လို့ဆိုရပါမယ် ။ ဒီမတိုင်ခင် ကာလတွေတုန်းကတော့ သူ့ကို ရင်ထဲသို့ ဆိုတဲ့သီချင်းတစ်ပုဒ်နဲ့ လည်း ပရိသတ်တွေ စတင်သိခဲ့တာပါ။ ဒါပေမယ့်နောက်ပိုင်းမှာတော့ မုန့်စိမ်လား တို့ အယ့်လယ် တို့ဆိုတဲ့ သူရဲ့ Singnature စကားတွေကို လည်းကျနောတို့ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ အထိ သူ ရဲ့ စကားတွေက အောင်မြင်နေပါတယ်။

အတော်ကြာပျောက်နေတဲ့ သားစစ် တစ်ယောက်ကတော့ အခုပရိသတ်ရှေ့မှောက်ကို ပြန်လည်ရောက် ရှိလာခဲ့ပါပြီ။ သူပြန်လည်ရောက်ရှိလာခဲ့ပုံကလည်း လုံးဝလန်းပါတယ် ။သူရဲ့ ရင်ထဲသို့သီချင်းလေးကို အသစ်တစ်ဖန်ပြန်လည် ဆန်းသစ်ပြီး Music Video အသစ်လေးနဲ့ ပြန်လည်ရောက်ရှိလာတာပါ။ အဲ့ဒီ Video လေးကိုကြည့်ပြီးကြပြီလား မိတ်ဆွေတို့ ရေ ။

အခုကျနော်တို့ပရိသတ်တွေအတွက် သားစစ်ရဲ့သီချင်းကို ရင်ထဲသို့ သီချင်းကို Music Video အဖြစ်ရိုက်ကူးထားတဲ့ အကြောင်းလေးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ် ။ အခု Music Video လေးကိုတော့ ကျွန်းလေးတစ်ကျွန်းမှာသွားရောရိုက်ကူးထားပြီး လုံးဝအလန်းစား ကောင်မလေး ၄ယောက် နဲ့ သားစစ်တို့ အပြန် အလှန် အပေးအယူညီညီ ရိုက်ကူးထားတာကို မိတ်ဆွေတို့ မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်ပါ တယ်။

ရိုက်ချက်တွေကလည်း တကယ့်ကို နိုင်ငံခြား Music Video လေးတစ်ခုကိုကြည့်လိုက်ရသလို ခံစားစေရမှပါ ။ ကိုယ်လုံးကိုယ်ပေါက်မိုက်မိုက်နဲ့ ရေဆေးငါးတွေလိုလှပတဲ့ ကောင်မလေးတွေခြံရံပြီး သရုပ်ဆောင်နေတဲ့ သားစစ်ကလည်း တကယ့်ကို mood အပြည့်ပါပဲ ။ Music Video လေးကိုတော့ အားလုံးကြည့် လို့ရအောင် ဖော်ပြပေးထားပေးထား ပါတယ် ။ မိတ်ဆွေတို့ကြည့်ပြီးသွားရင်လည်း မိတ်ဆွေတို့ရဲ့ အမြင်ေ လးတွေကို ပြန်လည်ဝေမျှပေးသွားကြပါဦးေ နာ် ။

crd : burmeseasia

Leave a Reply

Your email address will not be published. Required fields are marked *