ဖခင်ဖြစ်သူမှသမီး အ ရင်း အား ဖုန်းဗီဒီယိုပြပြီး အကြိမ်ကြိမ် ပြု ကျင့် သည့် အပြင် ရို က်နှက် သည့် အ တွက် တိုင်ကြား

Posted on

ဖခင်ဖြစ်သူမှသမီးအရင်းအား ဖုန်းဗီဒီယိုပြပြီး အကြိမ်ကြိမ် ပြုကျင့်သည့် အပြင် ရိုက်နှက်သည့် အတွ က် တိုင်ကြား

၂၀၁၉ နိုဝင်ဘာ ၈ –

မွန်ပြည်နယ် သထုံမြို့ ဘင်လှိုင် ရပ်ကွက် တွင် ဖခင်ဖြစ်သူမှ သမီးဖြစ်သူအား အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့်သည့် အပြင် ရိုက်နှက်သည့် အတွက် သမီးဖြစ်သူမှ အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သထုံမြို့မ ရဲစခန်းမှ သိရှိ ရသ ည် ။

“မုဒိန်းမှုဖြစ်တာက ဟုတ်တယ်။ ဒီမနက်မှ ကလေးမလေးကို သူအဖေက ရိုက်လို့ ဒဏ်ရာတွေရပြီး ရဲစခန်းကို ရောက်လာတယ်။ ရပ်ကွက်ထဲက လူတွေက လိုက်ပို့ပေးတာ။ သူ့ကိုဘာကြောင့်ရိုက်တာလဲ မေးလိုက်တော့ သူအဖေက သူအပေါ်ပြုကျင့်တဲ့ ကိစ္စတွေကို ပြောပြတာ။ ကလေးက အရိုက်ခံထားရတဲ့ ဒဏ်ရာတွေရထားလို့ ဆေးရုံပို့ထားပေးပြီး ဆေးကုသမှုခံယူနေတယ်။ မုဒိန်းမှုနဲ့ရော ကလေးမလေးကို ရိုက်တဲ့အမှုနဲ့ပါ အမှုဖွင့်ပြီး ဖခင်ကို ဖမ်ထားတယ်။ ကလေးမလေးကို အဲ့လိုလုပ်တာ ၂ နှစ်လောက်တောင်ရှိပြီလို့ သိရတယ်။”ဟု သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်းက ပြောသ ည်။

သထုံမြို့မ ရဲစခန်းသို့ မ—–၁၇ နှစ် ဘ စိုင်းကျော်ဇော (၉)တန်းကျောင်းသူသည် နိုဝင်ဘာ ၇ ရက် ညနေပိုင်းက သထုံမြို့မ ရဲစခန်းသို့ ဒဏ်ရာများဖြင့် ရောက်ရှိလာရာ ရဲစခန်းတာဝန်ရှိသူများမှ ဖြစ်စဉ် အခြေနေအား မေးမြန်းခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မ —- ပြောပြရာတွင် ၂၀၁၈ ခုနှစ်ရက်မမှတ်မိတွင် မိခင်ဖြစ်သူ ခရီးသွားနေခိုက် နေအိမ်တွင် မည်သူမျှ မရှိချိန် ဖခင်ဖြစ်သူ စိုင်းကျော်ဇော ၄၃ နှစ် ဘ ဦးသန်းရွှေမှ နေအိမ်အိပ်ခန်းအတွင်းသို့ ခေါ်ယူ အကျီ င်္ချွတ်ခိုင်းကာ ကုတင်ပေါ်ထိုင်ခိုင်းပြီး ဖုန်းအတွင်းရှိ ညစ်ညမ်းခွေအား ပြသကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ဖခင်အားကြောက်ရသဖြင့် အဖြစ်ပျက်အား မည်သူကိုမျှ မပြောပြဘဲ နေထိုင်စဉ် မိခင်ဖြစ်သူ အလစ်တွင် မကြာခဏ သားမယားအဖြစ်ပြုကျင့်ပြီး တားဆေးတိုက်ကြောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက် ညတွင် ဖခင်ဖြစ်သူမှ နေအိမ်အိပ်ခန်းအတွင်းသို့ ရောက်ရှိလာကာ ညစ်ညမ်းကားပြပြီး သားမယားအဖြစ် တစ်ကြိမ်ထပ်မံ ပြုကျင့်ခဲ့ကာ နိုဝင်ဘာ ၇ ရက် နံနက်အစောပိုင်းတွင် သားမယားအဖြစ် တစ်ကြိမ်ထပ်မံပြုကျင်ခဲ့ကြောင်း ပြောပြခဲ့ သည်။

နံနက် ၅ နာရီခန့်တွင် ဖခင်ဖြစ်သူမှ မ—-အား နှိုးကာ မ—-၏ ဖုန်းကိုယူကြည့်ပြီး အခြားတစ်ယောက်နဲ့ ရည်းစားထားရမလားဟုပြောဆိုကာ တံပျက်စည်းစတီးလက်ကိုင်ရိုး၊ သစ်သားချောင်းများဖြင့် ရိုက်နှက်ခဲ့သဖြင့် မ—-တွင် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ယာ လက်ခံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ယာဂျိုစောင်းဖူးယောင်၊ ယာခါးဖူးယောင်၊ နောက်စေ့ဖူးယောင်ဒဏ်ရာများရရှိခဲ့သဖြင့် နေအိမ်မှထွက်ပြေးကာ ရဲစခန်းသို့ရောက်ရှိလာကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ သထုံမြို့မ ရဲစခန်းမှ စိုင်းကျော်ဇောအား (ပ) ၂၃၀၉/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/ ၃၂၅ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသ ည်။

Leave a Reply

Your email address will not be published. Required fields are marked *