မေ လးရောက် မြန် မာ မိ သား စု ယာဉ် တိုက်မှုကြုံ မိခင် ဆုံးသွား လို့ ဝမ်းနည်း စွာငိုနေ တဲ့ သမီလေး

Posted on

ကလေးမလေးတစ်ယောက်ဟာ သူ့ မျက်စိရှေ့မှာတင် မိခင်က ကားတိုက်ခံရပြီး ကွယ်လွန်သွားတော့ ဝမ်းနည်းပူဆွေး ငိုကျွေးနေခဲ့ပါတယ်။ ဒီမတော်တဆမှုဟာ မလေးရှားနိုင်ငံ၊ Subang မှာ ဖြစ်ခဲ့တာပါ။ ကလေးမလေးဟာ အသက်(၃)နှစ်သာ ရှိပါသေးတ ယ်။

သူတို့ သားအဖတတွေဟာ ယာဉ်ကြောက မီနီမိလို့ လမ်းဖြတ်ကူးစဉ်မှာ Range Rover တစ်စီးနဲ့ ဝင်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ကားမောင်းသူ မှာ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ဒေသခံသတင်းစာတွေအရတော့ ကားမောင်းသူ အမျိုးသမီးဟာ အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် လမ်းဆုံမီးပွိုင့်မှာ-

မီးနီရပ်စောင့်နေတဲ့ တစ်ခြားယာဉ်တွေကိုလည်း အရှိန်လွန်ပြီး တိုက်ခဲ့ပါသေးတယ်တဲ့။ အသက်(၂၀)သာရှိသေးတဲ့ အမျိုးသမီးဟာ ကားကို ကျွမ်းကျွမ်းကျင် မောင်းနှင်တတ်ခြင်း ရှိဟတ် မတူပါဘူး။ ဆိုင်ကယ်နှစ်စီးကို ရှေ့ဆင့်နောက်ဆင့် တိုက်မိခဲ့ပြီး၊ တစ်ခြားလူတွေကိုလည်း ထပ်ပြီး တိုက်မိခဲ့တာဖြစ်ကြောင်း ဆိုပါ တယ်။

ဒီယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိခဲ့ပါတယ်။ တစ်ဦးကတော့ ကလေးမလေးရဲ့မိခင်ဖြစ်ပြီး မြန်မာအမျိုးသမီးတစ်ယောက်ပါ။ အခြားတစ်ဦးကတော့ မလေးရှားလူမျိုး ဖြစ်ပါတယ်။ လူ(၄)ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အဲဒီအထဲမှာ ကလေးမလေးရော၊ သူမရဲ့ဖခင် မြန်မာအမျိုးသားရော ပါဝင်ခဲ့ပါတ ယ်။

ကလေးမလေးဟာ သွေးအိုင်ထဲက မိခင်ကိုကြည့်ပြီး ကြောက်လန့်စွာ ငိုနေခဲ့တာပါ။ ဖြတ်သွားဖြတ်လာတွေကလည်း တက်နိုင်သလောက် ကူညီပေးခဲ့ပြီး၊ ကလေးမလေးဖခင်ဖြစ်သူမှ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။ ကားမောင်းသူကိုလည်း ဖမ်းဆီးထားနိုင်ခဲ့တယ်လို့ သိရပါ တယ်။

လင်းဇော်ကို D Nae Khit Media

Leave a Reply

Your email address will not be published. Required fields are marked *