ဆိုး ရွား လွန်း တဲ့ သြ ဇီတော မီးေ လာင် မှုကြောင့် လူသေ ဆုံး-ပျောက်ဆုံးမှုတွေ ဖြစ်နေ

Posted on

သြစတေးလျမှာ ခြုံပုတ်မီးလောင်ရာကနေ စတင်ခဲ့တဲ့ တောမီးလောင်မှုဟာ လူနေရပ်ကွက်တွေဆီကို တဖြည်းဖြည်း ဝါးမျိုးနေတဲ့အတွက် အခုဆိုရင် လူသေဆုံး၊ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဒီအကြောင်းကို DailyStar သတင်းမှာ ဖော်ပြထားတာဖြစ်ပြီး AlinnMyay(အလင်းမြေ) က ဘာသာပြန်လိုက်တာ ပါ။

တောမီးဟာ New South Wales ရဲ့ တောအုပ်တစ်ခုမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်ထိ လူနှစ်ယောက် သေ ဆုံးကြောင်း စာရင်းထုတ်ပြန်ထားပါတယ်။ ပျောက်ဆုံးသူစာရင်း ဘယ်လောက်ဆိုတာ မသိရသေးပေမယ့် လက်ရှိအချိန်ထိတော့ ဒါဇင်နဲ့ချီရှိနိုင်ကြောင်း သိရပါတယ်။

သေဆုံးမှုတစ်ခုမှာတော့ လူတစ်ယောက်ဟာ ကားနဲ့အတူ မီးလောင်ခံခဲ့ရတာဖြစ်ကြောင်း အခင်းဖြစ်နေရာကတော့ Glenn Innes မြို့အနီးက Kangwalla မှာလို့ သိရပါတယ်။ NSW Rural Fire Service (RFS) ရဲ့ ကြေညာမှုမှာတော့ အမျိုးသမီးတစ်ဦး ခန္ဓာကိုယ် (၅၀)%လောက် မီးလောင်ပြီး သေဆုံးခဲ့တ ယ်လို့ သိရပါတယ်။

အဲဒီအမျိုးသမီးဟာ လူနာတင်ကားတွေ ရောက်သည်အထိ သတိရနေသေးပေမယ့် ဆေးရုံရောက်ပြီး မိနစ်ပိုင်းအတွင်းမှာ သေဆုံးခဲ့ရတာလို့ သိရပါတယ်။ အိမ်တော်တော်များများမှ လူအများစုကို ဘေးလွတ်ရာ အမြန်ရွှေ့ပြောင်းဖို့ သက်ဆိုင်ရာက အင်တိုက်အားတိုက် ကူညီနေပါတ ယ်။

အခုမီးလောင်မှုမှာ မီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး၊ မကြာတော့တဲ့အချိန်မှာ နောက်ထပ် အသေးစိတ်ထုတ်ပြန်မှုတွေ ရှိလာနိုင်ပါတယ်။ လက်ရှိအချိန် Queensland မှာလည်း တောမီးလောင်နေပြီး၊ တောမီးလောင်ရာ နှစ်နေရာစလုံးကို အရေးပေါ်ထုတ်ပြန်ထားပါသ တဲ့။

နတ်သူကြီး-AlinnMyay(အလင်းမြေ)

Leave a Reply

Your email address will not be published. Required fields are marked *