ပိုးမီ ကို အကြီး အကျယ် အံသြသွားစေ ခဲ့ တဲ့ ပ ရိ သတ်တွေ ရဲ့Surprise ပန်းစည်းကြီး

Posted on

အဆိုတော်တွေထဲမှာ ပိုးမီကိုတော့ ပရိသတ်တော်တော်များများကသိကြမှာပါ။ “အလိုက်တသိ” သီချင်းလေးဟာပိုးမီရဲ့အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ လူကြိုက်များတဲ့အဆိုတော်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကစပြီး ပရိသတ်အချစ်တွေကိုရရှိခဲ့တဲ့ ပိုးမီ ဟာ ပရိသတ်အချစ်တွေကိုတိုးတိုးပြီးသာရလာခဲ့တယ်လို့ဆိုရမှာပါ။ပရိသတ်အချစ်တော်ပိုးမီကတော့ အသက်(၃၀)ပြည့်တော့မှာပဲဖြစ်ပါ တယ်။

မွေးနေ့အကြိုအနေနဲ့ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ ပွဲလေးကို My Garden မှာကျင်းပခဲ့ပါတယ်။အမျိုးမျိုးသော လက်ဆောင်တွေထဲကမှ ပိုးမီကို အံ့သြသွားစေသလိုပျော်စရာကောင်းသွားစေတဲ့လက်ဆောင်တစ်ခုလည်းရရှိခဲ့ပါတယ်။အဲ့ဒီလက်ဆောင်ကတော့ မီးဖိုချောင်မှာလိုအပ်တဲ့ဟင်းသီးဟင်းရွက်တွေပါဝင်တဲ့ Surprise ပန်းစည်းထုပ်ကြီး ပါ။

ဒီပန်းစည်းထဲမှာတော့ ပန်းဂေါ်ဖီထုပ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုတ်သီးတောင့်နဲ့ဂျင်းတွေအစုံအလင်ပါတာဖြစ်ပါတယ်။ဒီပန်းစည်းကိုလည်း ဘူးနဲ့အသေအချာထုပ်ပိုးလာတာကြောင့် ဖွင့်တဲ့အခါမှာပိုမိုအံ့အားသင့်ခဲ့ရတာပါ။ချစ်ပရိသတ်တွေကေ တာ့ ပိုးမီရဲ့မီးဖိုချောင်အတွက်ပါစိုးရိမ်ပေးတယ်ထင်ပါရဲ့နော်။ပရိသတ်ကြီးလည်း ဒီလို ပန်းစည်းမျိုးပေးဖို့အတွက် အကြံရသွားကြပြီလားေ  နာ်…။

Source : Exclusive on Cele Gabar,CRD-Moe : CeleGabar

Leave a Reply

Your email address will not be published. Required fields are marked *