သူ ငယ် ချင်း ရှဲဒိုး ရဲ့ သားေ လး မင်္ဂလာပွဲ ကို ကိုယ် စား လိုက် ဖိတ်ေ ပးနေ တဲ့ ကောင်းကျော်

Posted on

ပရိသတ်​တွေကို စစ်​မှန်​တဲ့ အနုပညာ​တွေနဲ့ အပန်း​ပြေ​စေခဲ့တဲ့ ဝါရင့်​သရုပ်​ဆောင်​ကြီး​ ရှဲဒိုးကတော့ အချိန်မတိုင်သေးခင်မှာပဲ ချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်ကို ခွဲခွာကာ ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သရုပ်ဆောင် ရှဲဒိုးရဲ့သားလေးက မင်္ဂလာဆောင်တော့မှာမို့ ရှဲဒိုးနဲ့ အရမ်းအတွဲညီခဲ့တဲ့ သူငယ်ချင်းကောင်းကျော်က အစစ အရာ ရာ အကူအညီပေးနေခဲ့တာလည်း တွေ့ရပါတယ်။ ဒီနေ့လေးမှာတော့ ကောင်းကျော်က ရှဲဒိုးသားလေးရဲ့ မင်္ဂလာဖိတ်စာနဲ့အတူ ရင်းနှီးသူတွေကို လိုက်လံဖိတ်ကြားနေတာ တွေ့ရပါတယ်ေ နာ်။

ချစ်​ပရိသတ်​တွေအတွက်​ သူငယ်ချင်းကြီး ရှဲဒိုးရဲ့သားလေး မင်္ဂလာပွဲမှာ အသေးစိတ်ကအစ ကူညီပေးနေတဲ့ မိတ်ဆွေကောင်း ကောင်းကျော်ရဲ့အ​ကြောင်းကို​ဖော်​ပြ​ပေးလိုက်​ပါတယ်ေ နာ်​။

ဉီးကောင်းကျော်ကတော့ “မနက်ဖန် 10-11-2019 ကွယ်လွန်သွားပြီဖြစ်သောပြည်သူချစ်တဲ့ ဟာသလူရွှင်တော် ရှဲဒိုး၏ တစ်ဦးတည်းသောသားလေး ​ကောင်းဇင်ဟိန်းရဲ့ မင်္ဂလာဧည့်ခံပွဲအား ရှဲဒိုးကို ချစ်ခင် လေးစား အားပေးကြတဲ့ ဟာသလူရွှင်တော် ညီကိုများ တစ်ခြားသောအနုပညာ ညီကိုမောင်နှမများစာနယ်ဇင်းမှ မိတ်ဆွေများအား (ရှဲဒိုးကိုယ်စား ) အားလုံးကို ဤနေရာ မှဖိတ်ကြားအပ်ပါသည် ကြွရောက်အားပေးချီးမြှင့် တော်မူနိုင်ကြပါသည်။မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်လိုသူများ အောက်ပါဖိတ်စာမှာပါသည့် လိပ်စာအတိုင်း လာရောက် အားပေး ချီးမြှင့် နိုင်ပါရန် လေးစားစွာ ဖိတ်ပါသ ည်ဗျာ။

(တစ်ဦးချင်း လိုက်လံဖိတ်ကြားဖို့ အခက်အခဲများ အဆင်မပြေမှုများ ကြောင့်fbမှ ယခုလို ဖိတ်ကြားရခြင်းကို နားလည် ခွင့်လွှတ်ပေးပါရန်အတွက် လေးစားစွာ တောင်းပန်အပ်ပါသည်ဗျာ) ရွဲဒိုး (ကိုယ်စား) ကောင်းကျော် (တစ်ချိန်ကရွှေညီကိုအဖွဲ့)9-11-2019″ ဆိုပြီး သူငယ်ချင်းဖြစ်သူ ရှဲဒိုးရဲ့ သားလေး မင်္ဂလာပွဲကို ရင်းနှီးသူတွေ တက်ရောက်ကြဖို့ ဖိတ်ကြားနေတာပဲ ဖြစ် ပါတယ်။

ချစ်​ပရိသတ်​တွေလည်း ပရိသတ်အပေါ် တာဝန်ကျေတဲ့ သရုပ်​ဆောင်​ကြီး ရှဲဒိုးရဲ့ သားလေး သာယာပျော်ရွင်တဲ့ အိမ်ထောင်ရေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆု​တောင်း​ပေးလိုက်​ကြပါဦး ​နော်​။

Source:U Kaung Kyaw’s Facebook,CRD-MOMOLAY

Leave a Reply

Your email address will not be published. Required fields are marked *