အမြန် လမ်းမပေါ် မှာ ခြေထောက် နဲ့ သာ စီယာ တိုင်ကို ထိန်းပြီး Bus ကား ကိုေ မာင်းနှင်နေ တဲ့ ကား ဆရာ(ရုပ်သံ)

Posted on

အမြန် လမ်းမပေါ်မှာ ခြေထောက်နဲ့သာ စီယာတိုင်ကိုထိန်းပြီး Bus ကားကိုမောင်းနှင်နေတဲ့ကားဆရာ(ရုပ်သံ)

တစ်ခါတစ်လေ bus ကားတွေစီးရင် ကိုယ့်အသက်ကိုလောင်ကြေးတင်ထားရသလိုပါပဲ ။ ခရီးသည်တွေများများရဖို့ အလျင်အမြန်မောင်းရတာနဲ့ ၊ ငါးပိသိပ်ထားသလို ကျပ်ညှပ်နေအောင်စီးနေရတာနဲ့ စသဖြင့်ေ ပါ့ ။

သို့ပေမဲ့လည်း ခေတ်ကာလအရ တိုးတက်လားတဲ့နည်းပညာတွေကြောင်း Bus ကားဆရာက မှားယွင်းခဲ့မယ်ဆိုရင် သူ့ရဲ့အပြစ်တွေကိုချပြပြီး တာဝန်ရှိသူတွေကို တိုင်ကြားလို့ကနေ ပါပြီ ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံကလို့ ယူဆရတဲ့ ကားဆရာဟာ bus ကားရဲ့စီယာတိုင်ကို ခြေထောက်နဲ့သာထိုင်မောင်းေ နပြီး သီချင်းအသံအကျယ်ကြီးဖွင့်ကာ ကခုန်နေပြီး ကားမောင်းနေခဲ့လို့ သူ့ရဲ့video ကိုအတော်လေး လူကြည့်များနေပြီး ဝေဖန်မှုမျိုးစုံရရှိနေလျက်ရှိပါတယ်။

Video ရဲ့အစပိုင်းမှာတော့ bus ကာဆရာဟာ အနောက်ဖက်ထိုင်ခုံရှိ ဦးခေါင်းဖက်နားမှာ ထိုင်နေခဲ့ပြီး လက်ထဲမှာလည်း ဆေးလိပ်ကို ကိုင်ထားပြီး ဆေးလိပ်သောက်နေခဲ့တဲ့အပြင် ခြေထောက်နှင့်သာစီယာတိုင်ကို ထိန်းမောင်းပြီး အမြန်လမ်းမပေါ်မှာ အရှိန်နှင့်မောင်းနှင်နေခဲ့ပါ တယ် ။

ထို့နောက် ထိုင်နေရာမှ မတ်တပ်ရပ်လာခဲ့ပြီး ညာဖက်ခြေထောက်နှင့်သာ ကားကိုထိန်းမောင်းပြီး လက်မှာလည်းဂစ်တာတီးနေဟန်ဖြင့် သံစဉ်နောက်လိုက်ကာကနေခဲ့ပါတယ် ။ အဆိုပါ Video ကိုတော့ ဘေးကနေလိုက်စီးနေခဲ့တဲ့ ခရီးသည်တစ်ဦးက ရိုက်ကူးပေးခဲ့ပုံရပါ တယ် ။

အဆိုပါ Video ကိုကြည့်ရှုခဲ့ကြပြီးနောက် လူအများက ကိုယ့်အသက်ကိုလောင်ကြေးထားပြီး အတော်လေးကိုမူးရူးပြီး ၊ ကြွလွန်းတဲ့ကားဆရာ ဆိုပြီး မျိုးစုံပြောဆိုဝေဖန်ခဲ့ကြပါ တယ် ။

ထို့အပြင် အချို့ကလည်း အဆိုပါအဖြစ်အပျက်ဟာ အင်ဒိုနီးရှား နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံမှာဖြစ်ပျက်ခဲ့တာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါေ သး တယ် ။

Jasmine Mckzone Daily

Leave a Reply

Your email address will not be published. Required fields are marked *